ဇွန်လအတွင်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် (၂၀၂၆ ) အမျိုးသမီးအာရှဖလားခြေစစ်ပွဲစဉ်ကို ပြည်ပရောက် အမျိုးသမီးမြန်မာတိုက်စစ်မှူး မေထက်လူ ပူးပေါင်းပါဝင် ကစားသွားမယ်လို့ သိရှိရပါသည်။အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသည့် မေထက်လူဟာ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့်မြန်မာအမျိုးသမီးအသင်းအား ဂုဏ်ပြုဆုငွေများပေးအပ်သည့် အခမ်းအနားတွင် ဆီးဂိမ်းပြိုင်ပွဲ အပါအဝင် အာရှဖလားခြေစစ်ပွဲများတွင် အသင်းနှင့် ပူးပေါင်းကစားသွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါသည်။



