ရန်ကုန်မြို့ရှိ လခစားအလုပ်များထက် စားသောက်ဖွယ်ရာများနှင့် ကုန်ပစ္စည်းများကို ပို့ဆောင်ပေးသည့် Delivery အလုပ်ကို အမျိုးသမီးတချို့ ရွေးချယ်လုပ်ကိုင်လာကြကြောင်း သိရသည်။အဆိုပါ Delivery ပို့ဆောင်ကြသော အမျိုးသမီးများသည် ယခင်က ဝင်ငွေနည်းပါးသည့် စက်ရုံ၊ အလုပ် ရုံနှင့် စတိုးဆိုင်များတွင် လုပ်ကိုင်ခဲ့ပြီး အဆင်မပြေမှုများကြောင့် ဝင်ငွေပိုမိုရရှိနိုင်သည့် အဆိုပါ Delivery အလုပ် ကို ရွေးချယ်လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း သိရသည်။ယခုလို Delivery ပို့ဆောင်ပေးသောအလုပ်ကို အမျိုးသမီးများ လုပ်ကိုင်လာကြသလို ဆိုင်ကယ်-ကယ် ရီမောင်း ခြင်း၊ ဆိုင်ကယ် ဘေးတွဲမောင်းခြင်း စသည့်အလုပ်အကိုင်များတွင်လည်း ဝင်ရောက်လုပ်ကိုင်ကြသူများ ရှိလာ ခဲ့ကြောင်း သိရသည်။



