မကွေးနယ်တစ်ဝိုက်မှာ ဖရဲသီးအမျိုးအစား၄မျိုးထွက်ရှိပြီး ကျောက်စိမ်းသီးနဲ့ ကလေးသီးအမျိုးအစားက ပိုရောင်း အားသွက်တယ်လို့ဆိုကြပါတယ်။ အခုနှစ်က ဖရဲသီးစျေးကွက်ကောင်းတာဟာ ပစ္စည်းအထွက်နှုန်းနည်းတာ ကြောင့်ဖြစ်ပြီး လက်ရှိစျေးကွက်ကတော့ စိုက်ပျိုးတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်လို့သိရပါသည်။ပြီးခဲ့တဲ့နှစ်ကဖရဲသီးတစ်လုံးကိုအမြင့်ဆုံးစျေး၅ထောင်ကျပ်သာရှိခဲ့ပြီး အခုနှစ်ကအမြင့်ဆုံးစျေး ၈ ထောင် ကျပ် ဖြစ်နေတဲ့အတွက်စျေးကွာဟမှုရှိပေမယ့် အခုနှစ်ကပိုရောင်းအားကောင်းတယ်လို့သိရပါတယ်။ မကွေးနယ် တစ်ဝိုက်မှာဖရဲသီးအများဆုံး ရောင်းချတဲ့ကာလဟာ တပို့တွဲလကနေ ကဆုန်လအထိရောင်းချကြတာဖြစ်ပါသည်။



