ယနေ့ မတ်လ၁၀ ရက်က တာမေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ ဝဏ္ဏသိဂီလမ်းရှိ တိုက်ခန်းတစ်ခု၏ ပထမထပ်နေအိမ်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ နေအိမ်မှအပြင်သို့ထွက်စဉ် အမျိုးသားတစ်ဦးမှ ၎င်း၏ ဦးခေါင်းကိုအိတ်နဲ့စွပ်ကာ ဓားနဲ့ လည်ပင်းကို ထောက်ခဲ့တယ်လို့ သိရပါသည်။အနုကြမ်းစီးခံရတဲ့အမျိုးသမီးမှာ အသက်သုံးဆယ်ဝန်းကျင်ဖြစ်ပြီး ၎င်း၏သမီးကို သွားကြိုရန် တိုက် ခန်းတံခါးကို သော့ပိတ်နေတဲ့အချိန်မှာ လူတစ်ယောက်က ကြွပ်ကြွပ်အိတ်နဲ့ ခေါင်းကိုစွပ်ပြီး လည်ပင်းကို ဓားနဲ့ထောက်ကြောင်း၊ သော့ကို ပြန်ဖွင့်ခိုင်းပြီး အိမ်ခန်းထဲအရောက်တွင် ခေါင်းကို ထုကြောင်းနဲ့ အဲ့ဒီအမျိုးသမီး သတိမေ့သွားတဲ့အခါမှ အိမ်ထဲမှ ငွေ၊ တခြားပစ္စည်းနဲ့ ဖုန်းတွေယူသွားကြောင်း သိရပါသည်။



