ရခိုင်မြို့နယ်တွေမှာ ကျယ်ပြန့်စွာ ဖြစ်ပွားနေတဲ့ အရေပြားနဲ့ယားနာရောဂါတွေ ပိုမိုမပြန့်ပွားလာစေဖို့ အမျိုးသားစီမံချက်တစ်ရပ်ချမှတ်ပြီး အချိန်မီဆောင်ရွက်ဖို့လိုအပ်လာပြီး လက်ရှိရခိုင်စစ်ရှောင်တွေနဲ့ ပြည်သူတွေမှာဖြစ်ပွားနေတဲ့ အရေပြားယားနာရောဂါဟာ အချိန်မီကြပ်မတ်မဆောင်ရွက်ရင် တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ အန္တရာယ်တစ်ရပ်ဖြစ်လာနိုင်တယ်လို့သိရပါသည်။လက်ရှိမှာ ရခိုင်ပြည်အတွင်း သံတွဲ၊ ဂွ၊ တောင်ကုတ်၊ အမ်း၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် နောက်ထပ်မြို့နယ်အချို့က ဒေသခံနဲ့ စစ်ရှောင်တွေမှာ အရေပြားရောဂါတွေခံစားနေကြရတာဖြစ်ပါသည်။အထူးသဖြင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပြီး ဆေးဝါးမလုံလောက်မှုကြောင့် ရောဂါပိုမိုပြန့်ပွားလာနေတယ်လို့လည်းသိရပါသည်။



