မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး၌ မတ်လ ၁၅ ရက်နေ့တွင်ကျရောက်မည့် "ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့" ကို ကြိုဆိုသောအားဖြင့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) ရုံး ဆိုင်းဘုတ်အသစ်ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ခရိုင်ဦးစီးမှူးတို့က (CICC) ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံပြည်သူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့သည်။ စားသုံးသူများနှင့် ထုတ်လုပ်သူများအကြား ကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် မကျေနပ်မှုများရှိပါက (CICC) ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍သော်လည်းကောင်း၊ Call Center ဖုန်းနံပါတ် 1535 နှင့် Internet online တို့မှတစ်ဆင့် ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။



