back

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ပျိုး

Mar 10 • 1:44 AM

breaking-news

မြန်မာ

မန္တလေး

cover

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင...

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ မြိုင်ကုန်းကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း အသင်းသားတောင်သူများ၏ မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုများကို မတ် ၅ ရက်က ကြည့်ရှုစစ်ဆေးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးက တောင်သူများအား ခေတ်မီစိုက်ပျိုးနည်းစနစ်များကို လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်နှင့် ရေရရှိရေးနှင့် နည်းပညာရယူနိုင်ရေးတို့ကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


news-view-count-icon

32