ယနေ့ညနေ မြန်မာစံတော်ချိန် ၁၀:၂၂ နာရီအချိန်က မြန်မာနိုင်ငံ တောင်ဘက်၊ ရန်ကုန်မြို့မှတောင်ဘက် ၇၉ မိုင်အကွာ၊ ဖျာပုံအရှေ့မြောက်ဘက် ၇၇ မိုင်ခန့်အကွာ မြန်မာ့ကမ်းရိုးတန်းအလွန် မုတ္တမကွေ့အနီး အက်ဒမန်ပင်လယ်ကြမ်းပြင်အောက်အနက် ၆ မိုင်ကျော်မှ နောက်ထပ် မဂ္ဂနီကျု ၄.၃ နှင့် ၃.၅ အဆင့်မြေငလျင်ငယ် နှစ်ကြိမ်ဆက်တိုက် မိနစ်ပိုင်းခြားကာ ထပ်မံလှုပ်ရှားသွားသည်။



