အမျိုးသမီးများ အကြမ်းဖက်မှုကြုံတွေ့ရပါက Helpline ဖုန်း “1566” ကို ဆက်သွယ်၍ သတင်းပို့ တိုင်ကြားနိုင်ရန် ၂၄ နာရီ ဖွင့်ထားပြီးအမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UN-CEDAW) နှင့်အညီ အမျိုးသမီးများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ နယ်ပယ်အားလုံးတွင် အမျိုးသမီးများ၏ပါဝင်မှုကို တိုးမြှင့်ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိ သကဲ့သို့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကိုလည်း လျော့နည်းပပျောက်သွားအောင် အသိပညာပေးခြင်း၊ ကူညီစောင့်ရှောက်ခြင်းများကိုလည်း ဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားခဲ့သည်။



