back

ကျွန်းလှမြို့နယ်၌ အင်္ဂလိပ်စာ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်

Mar 09 • 11:50 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကျွန်းလှမြို့နယ်၌ အင်္ဂလိပ်စာ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျောင်းသား၊ ကျောင်းသူများ နွေ...


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်စာစွမ်းရည်မြှင့်မားတိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စာစီစာကုံးရေးသားနည်း သင်တန်းကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်ကြောင်း သိရသည်။အဆိုပါ သင်တန်းသို့ ကျွန်းလှမြို့နယ်အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၉ ရက်မှ ၁၃ ရက်နေ့ထိ ငါးရက်ကြာ စာတွေ့လက်တွေ့ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

30