back

ရန်ကုန်ရှိမြို့နယ်အချို့တွင် လေပြင်းတိုက်ပြီး မိုးရွာ

Mar 09 • 11:45 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်ရှိမြို့နယ်အချို့တွင် လေပြင်းတိုက်ပြီး မိုးရွာ

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်သာယာမြို့နယ်တွေမှာ မတ်လ၉ရက် မွန်းလွဲပိုင်းက ရုတ်တရက်လေပြင်းတွေတိုက်ခတ်ပြီး...

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်သာယာမြို့နယ်တွေမှာ မတ်လ၉ရက် မွန်းလွဲပိုင်းက ရုတ်တရက်လေပြင်းတွေတိုက်ခတ်ပြီး မိုးရွာခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါသည်။မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မတ်လ(၉)ရက်၊ညနေ(၄)နာရီအချိန် ထုတ်ပြန်ချက်မှာ နောက်နှစ်ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွေမှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်တယ်လို့ ဖော်ပြထားပါတယ်။


news-view-count-icon

27