back

ကန့်ဘလူတွင် လယ်မြေဧက ၁၀၀ ကို စက်မှုလယ်ယာအဖြစ် ဖော်ထုတ်

Mar 09 • 7:54 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ကန့်ဘလူတွင် လယ်မြေဧက ၁၀၀ ကို စက်မှုလယ်ယာအဖြစ် ဖော်ထုတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ လယ်မြေဧက ၁၀၀ ကို ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ က...

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်းရှိ လယ်မြေဧက ၁၀၀ ကို ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းရာတွင် အထောက်အကူဖြစ်စေရန် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက စက်မှုလယ်ယာအဖြစ် ဖော်ထုတ်နေကြောင်း သိရသည်။ စက်ယန္တရားကြီးများဖြင့် မြေပြုပြင်ခြင်း၊ ရေသွင်းရေထုတ်မြောင်းများ ဖော်ထုတ်ခြင်း၊ ထယ်ထိုးထယ်မွှေခြင်းနှင့် မြေညှိကန်သင်းကြမ်းတင်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်လျက်ရှိပြီး၊ တိုင်းဒေသကြီးအစိုးရ၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၉၈ ဒသမ ၅၀ သန်းဖြင့် မြင့်မြတ်အရုဏ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်နေသည်။ ဇန်နဝါရီလဆန်းမှ စတင်ခဲ့သော လုပ်ငန်းသည် လက်ရှိတွင် ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။


news-view-count-icon

26