back

ပြည်တွင်းမီးမမှန်ခြင်းနှင့် စီးပွားရေးအခက်အခဲများကြောင့် အလှမွေးငါးဝယ်ယူသူနည်းပါးလာ

Mar 09 • 6:46 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းမီးမမှန်ခြင်းနှင့် စီးပွားရေးအခက်အခဲများကြောင့် အလှမွေးငါးဝယ်ယူသူနည်းပါးလာ

လျှပ်စစ်မီးမမှန်ခြင်းနှင့် စီးပွားရေးအခက်အခဲများကြောင့် အိမ်တွင်းအလှမွေးငါးမွေးမြူသူနည်းပါးလာပြီး တစ်ပိုင်တစ်နိုင် အလှမွေးငါးရောင်းချသူများ အခက်အခဲဖြစ်နေကြောင်း...

လျှပ်စစ်မီးမမှန်ခြင်းနှင့် စီးပွားရေးအခက်အခဲများကြောင့် အိမ်တွင်းအလှမွေးငါးမွေးမြူသူနည်းပါးလာပြီး တစ်ပိုင်တစ်နိုင် အလှမွေးငါးရောင်းချသူများ အခက်အခဲဖြစ်နေကြောင်း သိရသည်။ ယခင်က အိမ်မွေးတိရစ္ဆာန်အဖြစ်နှင့် စီးပွားရေးအတွက် အလှမွေးငါးမွေးသူများပြားသော်လည်း လျှပ်စစ်မီးမမှန်မှုကြောင့် မွေးမြူသူနည်းပါးလာကြောင်း၊ ရောင်းအားကျဆင်းခြင်း၊ ငါးများသေဆုံးခြင်းများကြောင့် ရင်းနှီးမြှုပ်နှံထားသောငွေများ ဆုံးရှုံးနေရကြောင်း အင်းစိန်မြို့နယ်မှ ရောင်းချသူတစ်ဦးက ပြောသည်။ ပူပြင်းသောနွေရာသီ၊ လျှပ်စစ်မီးမမှန်ခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် မိသားစုစားဝတ်နေရေးကိုသာ အဓိကထားရသဖြင့် အလှမွေးငါးမွေးမြူရန် မဖြစ်နိုင်ကြောင်း အလှမွေးငါးမွေးသူတစ်ဦးက ပြောသည်။ ပြည်တွင်းအလှမွေးငါးဈေးကွက်တွင် ငါးတစ်ကောင်လျှင် ကျပ်ငါးရာမှ ကျပ်သိန်းရာကျော်အထိ ဈေးနှုန်းအမျိုးမျိုးရှိပြီး၊ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ ငွေကြေးဈေးကွက် အခက်အခဲများကြားမှ လုပ်ငန်းများလည်ပတ်နေရကြောင်း သိရသည်။


news-view-count-icon

25