back

မူဆယ်တွင် ကျားဖြန့်များ ရှိနေဆဲဟု ဒေသခံများ တုံ့ပြန်၊ တရုတ်ပြောဆိုချက် ငြင်းဆို

Mar 09 • 5:38 AM

breaking-news

မြန်မာ

ရှမ်း

cover

မူဆယ်တွင် ကျားဖြန့်များ ရှိနေဆဲဟု ဒေသခံများ တုံ့ပြန်၊ တရုတ်ပြောဆိုချက် ငြင်းဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖြန့်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ပြောကြားသော်လည်း၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်တ...

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က မြန်မာနိုင်ငံမြောက်ပိုင်း ကျားဖြန့်ဂိုဏ်းများကို အပြီးသတ်ရှင်းလင်းနိုင်ပြီဟု ပြောကြားသော်လည်း၊ ရှမ်းပြည်မြောက်ပိုင်း မူဆယ်တွင် ကျားဖြန့်များ အများအပြား ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက တုံ့ပြန်ပြောကြားသည်။ မူဆယ်ရှိ စွမ်ဆော်ရပ်ကွက်အပါအဝင် နေရာအချို့တွင် ကျားဖြန့်ရုံများ ရှိနေဆဲဖြစ်ပြီး၊ မြို့မပြည်သူ့စစ်အဖွဲ့ခွဲများ၏ ကျားဖြန့်ရုံများပင် အဖွဲ့ ၂၀ ကျော်ရှိနေကြောင်း၊ ကျားဖြန့်တစ်ရုံလျှင် လိုင်းကြေး သိန်း ၁၀၀ မှ ၄၀၀ အထိ အုပ်ချုပ်ရေး၊ ရဲတို့ကို ပေးဆောင်နေရကြောင်း ဒေသခံများက ပြောဆိုသည်။


news-view-count-icon

56