ပြည်ပရောက် မြန်မာများ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်မှု နည်းပါးခြင်းကြောင့် အခြေခံအလုပ်သမားများအား ပြည်ပသို့ စေလွှတ်ခြင်းကို အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပြီး ကျွမ်းကျင်လုပ်သားနှင့် G to G အစီအစဉ်များသာ စိစစ်ခွင့်ပြုတော့ကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ပြည်ပထွက်ခွာရာတွင် အဓိကကျသည့် OWIC ကတ်ထုတ်ပေးမှုကိုလည်း အခြေခံအလုပ်သမားများအတွက် ရပ်ဆိုင်းထားပြီး ပြည်တွင်းလူဦးရေနှင့် လုပ်သားရှားပါးမှုကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။



