မတ် ၈ ရက်နေ့က သစ်သီးအခြေခံ စားသောက်ကုန်နှင့် ဝိုင်၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ကော်ဖီထုတ်ကုန်များ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက နေပြည်တော်ရှိ ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့်တက်ရောက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများ၊ MSME Agency မှ တာဝန်ရှိသူများ၊ စားသောက်ကုန်ထုတ်လုပ်သည့် တတ်သိပညာရှင်များ၊ MSME လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်သည်။
မြန်မာ့ကော်ဖီကို အရည်အသွေးမြင့်ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်တင်ပို့နိုင်ပါက ကမ္ဘာ့ဈေးကွက်တွင် နေရာရလာနိုင်
Mar 09 • 1:59 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 9 | 0 | 0 | 0 |


