ပုဂံယဉ်ကျေးမှုဒေသသို့ လာရောက်လည်ပတ်ကြသော ပြည်တွင်းပြည်ပခရီးသွားများအား မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းသည် ဒေသခံများအတွက် ဝင်ငွေရလုပ်ငန်းတစ်ခုဖြစ်ပြီး ခရီးသွားများသည်လည်း မြန်မာ့သနပ်ခါးကို နှစ်သက်စွာလိမ်းခြယ်ကြကြောင်း၊ ယင်းဓလေ့ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



