ယူနက်စကို တင်သွင်းရန် စီစဉ်နေသည့် မြန်မာ့ရိုးရာ သနပ်ခါးနှင့် ပတ်သက်၍ ရိုးရာသနပ်ခါးအလှ လိမ်းခြယ်ပြိုင်ပွဲကို ပဲခူးမြို့တွင် ယနေ့(မတ် ၈) ရက် ညနေပိုင်းက ရွှေမောဓောဘုရားကြီး၏ ကားပါကင်တွင် ကျင်းပခဲ့သည်။အဆိုပါ ရိုးရာသနပ်ခါးအလှ လိမ်းချယ်ပြိုင်ပွဲကို ပဲခူးတိုင်းဒေသကြီး၊ ရွှေမောဓောဘုရားလမ်း၊ ကားပါကင်နေရာတွင် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများလည်းပါဝင်ကာ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိကျင်းပသွားမည်ဖြစ်သည်။



