ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် မုံးစီးဒေသမှာ ရွှေဆက်မတူးဖို့ ဒေသခံတွေနဲ့ သဘောတူညီမှု ရလိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။မနေ့ မတ်လ ၇ ရက်မှာ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေက တွေ့ဆုံဆွေးနွေးပြီးနောက် ရွှေတူးဖော်မှုတွေ ဆက်မလုပ်ဖို့ဆိုတဲ့ ဒေသခံတွေရဲ့ တောင်းဆိုချက်ကို သဘောတူပေးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးထံမှ သိရပါသည်။



