နယ်မြို့တွေအများစုမှာနယ်မြေအခြေအနေမတည်ငြိမ်မှုတွေကြောင့် စစ်ဆေးရေးဂိတ်အများအပြားရှိ နေ ပြီး အပိုကုန်ကျစရိတ်မြင့်မားလာတဲ့အတွက် ကုန်စည်ပို့ဆောင်ခတွေဟာ အရင်ကထက် ၃ ဆကျော်အထိမြင့် တက်လာကြောင်း ကုန်ကားယာဥ်မောင်းတွေက ပြောသည်။ မန္တလေးနဲ့ကုန်စည်သယ်ယူပို့ဆောင်မှုတွေရှိနေတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းစတဲ့ တိုင်းနဲ့ပြည်နယ်တွေကမြို့တိုင်းလိုလိုမှာ နယ်မြေအခြေ အနေ အရ စစ်ဆေးရေးဂိတ်တွေအများအပြားဖွင့်လှစ်ထားပြီးငွေတောင်းယူကောက်ခံမှုတွေရှိနေတာဖြစ်သည်။ထို့ပြင် မြို့အများအပြားမှာစက်သုံးဆီရောင်းချမှုပိတ်ပင်ခံထားရတာကြောင့် ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းအဆမတန်မြင့်မားမှုတွေကြောင့်လည်းကုန်ကျစရိတ်တွေပိုများလာတာဖြစ်တယ်လို့ ယာဉ်မောင်းများက ဆိုသည်။



