ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၇၁ ရပ်ကွက်တွင် မတ်လ၇ရက်နေ့ မနက် ၁၀ နာရီလောက်မှာ အမျိုး သမီး တစ်ဦး အိမ်ထဲမှာဘယ်သူမှရှိမနေချိန်တွင် “ အဖွားကြည့်ရတာ နေမကောင်းဖြစ်နေသလိုပဲ အဖွား ကို ဆေးကုပေးမယ်ကျန်းမာရေးဌာနကလာတာပါ”ဆိုပြီးအိမ်ပေါ်ထိတက်ခေါ်သွားခဲ့တယ်လို့ သိရပါသည်။“တောင်ဒဂုံထဲမှာခုလိုကျန်းမာရေးဝန်ထမ်းအယောင်ဆောင်ပြီးလုနေတာတွေရှိတယ်။အိမ်မှာလူကြီးတွေကလေးတွေပဲရှိတဲ့အိမ်တွေကိုလုပ်နေတာ။လူတွေကလည်းဖုန်းနဲ့ရွှေအတိုအစလေးတွေလောက်ပဲပါသွားတော့မတိုင်ဘူး။ရဲတွေကလည်းဒီအမှုလောက်စိတ်မဝင်စားဘူး။ခုလို့တဲ့ကောင်မလဲပြန်လွှတ်ပေးလိုက် တယ်” လို့ သိရပါသည်။



