မန္တလေးတိုင်းအတွင်း ဒေသခံတစ်သိန်းနီးပါးဟာ လက်ရှိ ဆေးဝါးနဲ့ ရိက္ခာ လိုအပ်ချက် ရှိနေပြီး မတ္တရာမြို့နယ်ရှိ စခန်းတချို့မှာ အရေးပေါ် ဆန်လိုအပ်နေတယ်လို့ ကူညီနေသူတွေက ပြောပါတယ်။Mobile Banking အသုံးပြုလို့ မရတဲ့အတွက် ငွေသားထုတ်ယူဖို့ ခက်ခဲနေသလို လမ်းပိုင်းတွေ ပိတ်ဆို့နေပြီး ကုန်စည်စီးဆင်းမှု ပြတ်တောက်ကာ ကုန်ဈေးနှုန်း မြင့်တက်မှုတွေလည်း ဖြစ်ပေါ်နေတယ်လို့ သူက ပြောပါတယ်။



