back

မွန်ပြည်နယ်၊မော်လမြိုင်ကမ်းနားလမ်းရှိ ရာမညပန်းခြံအနီးတွင် သံလွင်မြစ်ထဲ ခုန်ချသွားသည့် အမျိုးသား၏ ရုပ်အလောင်းပြန်တွေ့ခဲ့

Mar 08 • 9:23 AM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊မော်လမြိုင်ကမ်းနားလမ်းရှိ ရာမညပန်းခြံအနီးတွင် သံလွင်မြစ်ထဲ ခုန်ချသွားသည့် အမျိုးသား၏ ရုပ်အလောင်းပြန်တွေ့ခဲ့

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ရာမညပန်းခြံအနီးတွင် သံလွင်မြစ်ထဲ ခုန်ချသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။ဖြစ်စဉ်မှာ ‌မတ်လ ၆ ရက်နေ့ ...

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်း ရာမညပန်းခြံအနီးတွင် သံလွင်မြစ်ထဲ ခုန်ချသွားသည့် အမျိုးသား၏ ရုပ်အလောင်းကို ပြန်တွေ့ခဲ့ပါတယ်။ဖြစ်စဉ်မှာ ‌မတ်လ ၆ ရက်နေ့ ညနေ ၆နာရီအချိန်ဝန်းကျင်ခန့်က မော်လမြိုင် ကမ်းနားလမ်း၊ ရာမညပန်းခြံအနီးတွင် အမျိုးသားတစ်ဦးက ရေထဲခုန်ချခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ အမျိုးသား၏ ရုပ်အလောင်းကို မတ်လ ၈ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် မော်လမြိုင်ကမ်းနားလမ်း သံလွင်စျေးအနောက် ကမ်းနားပိုင်း၌ ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ မှသွားရောက်ဆယ်ယူပြီး မော်လမြိုင်ဆေးရုံကြီး OPDသို့ပို့ဆောင်ကာ ထိုမှတစ်ဆင့်အအေးတိုက်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ပါတယ်။



news-view-count-icon

21