မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီနှင့် Imane Thailand တို့သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းများအတွက် စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။Imane Thailand မှ တာဝန်ရှိသူများအနေဖြင့် မတ်လ အစောပိုင်းက ရန်ကုန်မြို့သို့ လာရောက်ပြီး ကျင်းပလျက်ရှိသည့် MFF Vita Max Futsal League ၂၀၂၄ ပြိုင်ပွဲများအား လာရောက်လေ့လာခဲ့ပြီး မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းများအတွက် ဖူဆယ်ဖိနပ်များ ထောက်ပံ့မည့် စပွန်ဆာ စာချုပ်တစ်ရပ်ကို ချုပ်ဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြခြင်း လည်းဖြစ်ပါတယ်။



