မြန်မာပြည်တွင်းရှိနယ်မြို့တွေအများစုမှာ အပိုကုန်ကျစရိတ်မြင့်မားလာတဲ့အတွက် ကုန်စည်ပို့ဆောင်ခတွေဟာ အရင်ကထက် ၃ ဆကျော်အထိမြင့် တက်လာကြောင်း ကုန်ကားယာဥ်မောင်းတွေက ပြောပါတယ်။မန္တလေးနဲ့ကုန်စည်သယ်ယူပို့ဆောင်မှုတွေရှိနေတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်း)၊ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မကွေးတိုင်းစတဲ့ တိုင်းနဲ့ပြည်နယ်တွေကမြို့တိုင်းလိုလိုမှာ ယခုလိုဖြစ်နေတာဘဲဖြစ်ပါတယ်။ မြို့အများအပြားမှာစက်သုံးဆီရောင်းချမှုပိတ်ပင်ခံထားရတာကြောင့် ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းအဆမတန်မြင့်မားမှုတွေကြောင့်လည်းကုန်ကျစရိတ်တွေပိုများလာတာဖြစ်တယ်လို့ ယာဉ်မောင်းများက ဆိုပါတယ်။



