back

မြန်မာဖိုက်တာ သက်ပိုင်အောင်ကို အလဲထိုးပြပြီး တာနစ်ဆု ဘောနပ်စ် ထပ်ယူ

Mar 07 • 3:57 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာဖိုက်တာ သက်ပိုင်အောင်ကို အလဲထိုးပြပြီး တာနစ်ဆု ဘောနပ်စ် ထပ်ယူ

ယနေ့ည၌ ကျင်းပခဲ့သော ONE Friday Fights 99 ပြိုင်ပွဲကြီး၏စတုတ္ထမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရသော မြန်မာဖိုက်တာ သက်ပိုင်အောင်နှင့် ဂျပန်ဖိုက်တာ တာနစ်ဆုတို့၏ပွဲစဉ...


ယနေ့ည၌ ကျင်းပခဲ့သော ONE Friday Fights 99 ပြိုင်ပွဲကြီး၏စတုတ္ထမြောက်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရသော မြန်မာဖိုက်တာ သက်ပိုင်အောင်နှင့် ဂျပန်ဖိုက်တာ တာနစ်ဆုတို့၏ပွဲစဉ်တွင် တာနစ်ဆုက ဒုတိယပွဲချီ၌ အလဲထိုးဖြင့် အနိုင်ယူသွားခဲ့သည်။သက်ပိုင်အောင်သည် ဆိုင်ထိုးပြိုင်ထိုး၊ မာဂုဏ်ဟူသော ရိုးရာအခြေခံဖြင့်သာ ပွဲထွက်လာခဲ့ပြီး Game Plan ကောင်းမွန်ခဲ့သော တာနစ်ဆု က အဆုံးအဖြတ်အချိန်များတွင် သက်ပိုင်အောင်ကို အသာစီးကထိုး၍ ပွဲကို စိတ်ကြိုက်ထိန်းချုပ်ပြသွားခဲ့သည်။ဒုတိယပွဲချီ ၂ မိနစ်ကျော်လွန်ချိန်တွင် တာနစ်ဆု၏ခြေကန်ချက်နှင့် လက်သီးချက်များ ထိမှန်ကာ သက်ပိုင်အောင်က Knock Down ကျသွားခဲ့ပြီး ပွဲဆက်ထိုးချိန်တွင်လည်း သက်ပိုင်အောင်က ဟန်ချက်ပျက်နေသည့်အတွက် တာနစ်ဆုက အသာစီးသို့ ရောက်သွားခဲ့ကာ ဒုတိယပွဲချီ ၂ မိနစ်နှင့် ၂၇ စက္ကန့်သို့အရောက်၌ တာနစ်ဆုက အလဲထိုးဖြင့် ပွဲဖြတ်သွားနိုင်ခဲ့သည်။




news-view-count-icon

32