မဏိပူရ်ပြည်နယ်၊ တင်နိုပယ်ခရိုင် အိန္ဒိယ-မြန်မာ နယ်စပ် ခြံစည်းရိုးကာရံတဲ့ အလုပ်သမားအဖွဲ့ ကားမတော်တဆဖြစ်လို့ အလုပ်သမား ၅ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိတယ်လို့ သိရပါသည်။အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကာရံမှုကို ဒေသခံဌာနေတိုင်းရင်းသားများနဲ့ အရပ်ဖက်အဖွဲ့အစည်းများက အကြိမ်ကြိမ်ကန့်ကွက်ကြပေမယ့် အိန္ဒိယအစိုးရက ဆက်လက်အကောင်ထည်ဖော် ဆောင်ရွက်ရာမှာ ၁၀ကီလိုမီတာကျော် ပြီးစီးနေပြီဖြစ်ကြောင်း သိရပါသည်။



