ရန်ကုန်မြို့မှာ ယခုနောက်ပိုင်း ကားမှတ်တိုင်များတွင် အုပ်စုဖွဲ့၍ ကားတို-က်မိသလို ဟန်ဆောင်ကာ ငွေကြေးအလျော်တောင်း လုပ်စားနေသူများ ရှိလာ၍ ယာဉ်မောင်းများအနေဖြင့် သတိပြုရန် ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက"အသက် ၅၀ ကျော်လောက်ရှိမယ့် အဒေါ်ကြီး တစ်ယောက်ပေါ့၊ ဘာကားမှမရှိပဲ လမ်းလယ်ကြောကနေ အတင်းပြေးလာပြီး ကားဘတ်မှန်ကို သူပါလာတဲ့ အထုတ်ကြီးနဲ့ ပ-စ်-တို-က်ပြီး လူကို လှဲချလိုက်တယ်။ အဲဒါနဲ့ ကားကိုရပ်ပြီး ထူတော့ သူက လုံး၀မထဘူး၊ ဘေးကလူတွေ ကူညီပြီးထခိုင်းတော့ အကောင်းကြီး ထလာတယ်။ ကိုယ်ကလည်း ပိုက်ဆံ သုံးသောင်း ဆေ-းဖိုးဆိုပြီး ပေးလိုက်တယ်၊ မရဘူးတဲ့၊ ဒါနဲ့ ငါးသောင်းထပ်ပေးတယ် မရဘူးလို့ ပြောတယ်၊ အဲဒါနဲ့ ဆေ-းခန်းပို့ပေးမယ်ပြောတော့ အတင်းငြင်းတယ်၊ ရတယ် မသွားဘူးလို့ ပြောတယ်၊ နည်းနည်း ပိုပေးလို့ ပြောတော့ ခုနှစ်သောင်းပေးလိုက်ရတယ်။ ပေးပြီး ကားလည်း ပြန်ကွေ့ရော သူ့ဖာသာလမ်းလျှောက်သွားတာ ကားမှတ်တိုင်ကို တန်းနေတာပဲ။ ကျွန်တော်လည်း လုပ်စားမှန်းသိလို့ ဓတ်ပုံရို-က်မယ် ပြောတော့ အရို-က်မခံဘူး၊ ပြီးတော့ ဆိုက္ကားသမားတစ်ယောက်ရောက်လာပြီး ရန်လာရှာတယ်၊ ဓာတ်ပုံရိုက်လို့ ဆိုပြီး၊ အုပ်စုလိုက်ဖွဲ့ပြီး လုပ်စားနေတာ၊ ကိုယ့်လိုကားမောင်းတဲ့သူတွေ သတိပြုသင့်တယ်" ဟု ကိုယ်တိုင်ကြုံတွေ့သူတဦးက လူမှုကွန်ရက်ပေါ်တွင် ရေးသားထားကြောင်း သိရပါသည်။



