ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာခဲ့ကြသည်ဟု ဖော်ပြထားသည်။တရားမဝင် ဝင်ရောက်လာသူများသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ် နယ်မြေမှ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြ သူများဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ထပ်မံ ဖော်ထုတ် ထိန်းသိမ်းခဲ့သည့် ပြည်ပနိုင်ငံသား ၁၀၀ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ အမြန်ဆုံး ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရန်စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။



