back

စိုးလင်းဦး ၃ ပေါင်ကျော်အသာစီးအနေအထားဖြင့် ONE Championship တွင်ပွဲထိုးမည်

Mar 07 • 1:33 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

စိုးလင်းဦး ၃ ပေါင်ကျော်အသာစီးအနေအထားဖြင့် ONE Championship တွင်ပွဲထိုးမည်

သံမဏိစိုးကြီးဟု ပရိသတ်များကချစ်စနိုးခေါ်ကြသော မြန်မာဖိုက်တာ စိုးလင်းဦးသည် မနက်ဖြန်မနက်ပိုင်းတွင် ထိုးရမည့်ပွဲစဉ်၌ ပြိုင်ဘက်ဖြစ်သူ ကော့ဗ်ထွန်းကို ၃ ပေါင်ကျော် အသ...


သံမဏိစိုးကြီးဟု ပရိသတ်များကချစ်စနိုးခေါ်ကြသော မြန်မာဖိုက်တာ စိုးလင်းဦးသည် မနက်ဖြန်မနက်ပိုင်းတွင် ထိုးရမည့်ပွဲစဉ်၌ ပြိုင်ဘက်ဖြစ်သူ ကော့ဗ်ထွန်းကို ၃ ပေါင်ကျော် အသာစီးယူကာ ပွဲထိုးလိမ့်မည်ဟု ONE Championship ထုတ်ပြန်ချက်အရ သိရှိရသည်။စိုးလင်းဦး သည် Hydration Test ဘောင်ဝင်ချိန်တွင် ဝိတ်ကျော်သွားခဲ့ပြီး မူလအစောပိုင်းက နှစ်ကြိမ်တိုင်စစ်ဆေးရာတွင် နှစ်ကြိမ်လုံး၌ ဝိတ်အဆင်ပြေခဲ့သော်လည်း Hydration Test ဘက်တွင် ကျရှုံးခဲ့ရခြင်းဖြစ်သည်။ONE Championship ၏စည်းမျဉ်းအရ ပွဲထိုးရန်အတွက် Hydration Test ဘောင်ဝင်ရန် လိုအပ်သည့်အတွက် စိုးလင်းဦးသည် Hydration Test ဘောင်ဝင်ရန် ကြိုးပမ်းခဲ့ရပြီး Hydration Test ဘောင်ဝင်ချိန်တွင် စိုးလင်းဦး၏ဝိတ်မှာ ၁၄၇ ဒသမ ၂၅ ပေါင်ဆီသို့ ရောက်သွားခဲ့ပြီဖြစ်ပါသည်။



news-view-count-icon

19