back

ချောင်းသာမှာ လာရောက်လည်ပတ်သူတွေနဲ့ အပန်းဖြေသူတွေ ပုံမှန်အတိုင်း ပြန်ဝင်ရောက်

Mar 07 • 1:31 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ချောင်းသာမှာ လာရောက်လည်ပတ်သူတွေနဲ့ အပန်းဖြေသူတွေ ပုံမှန်အတိုင်း ပြန်ဝင်ရောက်

ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတစ်ခုဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ စစ်ရိပ်စစ်ခြေ မရှိသလောက် လျော့နည်းသွားတာကြောင့် မတ်လဆန်းက စတင်ကာ အပန်းဖြေသူတွေ ပုံမှန် ပြန်လည်ဝင်ရ...


ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတစ်ခုဖြစ်တဲ့ ချောင်းသာကမ်းခြေမှာ စစ်ရိပ်စစ်ခြေ မရှိသလောက် လျော့နည်းသွားတာကြောင့် မတ်လဆန်းက စတင်ကာ အပန်းဖြေသူတွေ ပုံမှန် ပြန်လည်ဝင်ရောက်လည်ပတ်နေကြပြီ ဖြစ်တယ်လို့ ချောင်းသာဒေသခံတွေရဲ့ ပြောပြချက်အရ သိရသည်။ချောင်းသာမှာ ပြန်မဝင်သေးတဲ့ စစ်ရှောင်တချို့ ရှိနေသေးတာကြောင့် ဈေးဆိုင်တချို့ပိတ်ထားတာ ရှိပြီး

ချောင်းသာမြို့အဝင်မှာတော့ စစ်ဆေးမှုတွေတင်းကြပ်ထားပြီး အဓိအားဖြင့် အိမ်စီးကားတွေကို သေသေချာချာ စစ်ဆေးတယ်လို့ သိရကာ ရန်ကုန်ကနေ ချောင်းသာလမ်းတစ်လျောက်မှာတော့ ဧရာဝတီတိုင်းအဝင် ပန်တိုင်ဂိတ်ကလွဲလို့ အဆင်ပြေတယ်လို့ ချောင်းသာကိုသွားတဲ့ ခရီးသွားတစ်ဦးပြောပြချက်အရသိရပါသည်။

 



news-view-count-icon

16