back

တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း YBS ယာဥ်တွေ ထပ်တိုးပြေးဆွဲပေးမယ်

Mar 07 • 11:41 AM

breaking-news

မြန်မာ

ရန်ကုန်

cover

တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း YBS ယာဥ်တွေ ထပ်တိုးပြေးဆွဲပေးမယ်

လာမယ့် မတ်လ ၁၇ ရက်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသား ၊ ကျောင်းသူတွေ သွားလာရေး လွယ်ကူစေဖို့အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း Y...


လာမယ့် မတ်လ ၁၇ ရက်မှာ ကျင်းပတဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဖြေဆိုကြမယ့် ကျောင်းသား ၊ ကျောင်းသူတွေ သွားလာရေး လွယ်ကူစေဖို့အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ကာလအတွင်း YBS ယာဥ်တွေ ထပ်တိုးပြေးဆွဲပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က သိရပါသည်။လမ်းကြောင်း(၁)။ ခရေပင်လမ်းခွဲကနေ ပြည်လမ်းအတိုင်း လှည်းတန်းလမ်းဆုံအထိ။ လမ်းကြောင်း(၂) (၈)မိုင်မှတ်တိုင်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေဂုံတိုင် လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း အထိ။ လမ်းကြောင်း(၃)။ ပေါက်တောဝမီးပွိုင့်ကနေ ဘုရင့်နောင်လမ်းမကြီး၊ ကမ်းနားလမ်းအတိုင်း သခင်မြပန်းခြံ အထိ။လမ်းကြောင်း၄)။ အမှတ်(၃)လမ်းဆုံကနေ သုဓမ္မာလမ်းအတိုင်း မြောက်ဥက္ကလာပအဝိုင်းမှ အုတ်ပုံဆိပ်လမ်းအတိုင်း နဝဒေးမှတ်တိုင်အထိ။(၅)။ Down Town (၆) မြို့နယ်။(လမ်းကြောင်း၆)။ ယုဇနပလာဇာ(ဗညားဒလလမ်း)၊ စက်ရုံလမ်း၊ အထက်ပုဇွန်တောင် လမ်း၊ သံသုမာလာလမ်း၊အမှတ်(၂)လမ်းမကြီး၊ ပြည်ထောင်စုလမ်း၊ မဝ တလမ်းဆုံ၊ ပင်လုံလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ လေးထောင့်ကန် လမ်း၊အရှေ့မြင်းပြိုင်ကွင်းလမ်း အထိ။(လမ်းကြောင်း၇)။ ဘုရင့်နောင်တံတားမှ ရန်ကုန်ပုသိမ်လမ်း - ဒဂုံဧရာအဝေးပြေး၊ အောင်ဇေ ယျတံတားမှ ညောင်တုန်းလမ်း - ဘီအိုစီမှတ်တိုင်၊ ရွှေပြည် သာတံတားမှ ခရေပင်လမ်း၊ အနော်ရထာလမ်း-သမကုန်းအဝိုင်း အထိ။(လမ်းကြောင်း၈)။ ဒဂုံဆိပ်ကမ်းမြို့နယ်-ဒုဌဝတီမှတ်တိုင်မှ ဧရာဝဏ်လမ်းမကြီးအတိုင်းပွိုင့် ထိပ်မှတ်တိုင်အထိ၊ ပွိုင့်ထိပ်မှတ်တိုင်မှ မောင်းမကန်လမ်းမကြီး၊ စည်ပင် လမ်းအတိုင်း တောင်/မြောက်လမ်းဆုံအထိ၊ တောင်/မြောက်လမ်းဆုံမှ ပြည်ထောင်စုလမ်းမကြီးအတိုင်း - (၄၆)လမ်းဆုံ အထိ။(လမ်းကြောင်း၉)။ တညင်းကုန်းလမ်းဆုံမှ အောက်မင်္ဂလာဒုံလမ်း၊ မင်းကြီးလမ်း၊ အင်းစိန် လမ်းမကြီး - လှည်းတန်း၊ နို့ဈေးမှဗဟိုလမ်း - ရွာမကျောင်းလမ်း အထိပြေးဆွဲမည် ဖြစ်ကြောင်း သိရပါသည်။



news-view-count-icon

18