ယမန်နှစ်က ငှက်သိုက်အကြမ်း တစ်ပိဿာလျှင် ငွေကျပ် သိန်း ၃ဝကျော် ဈေးပေါက်ခဲ့ပြီး လက်ရှိအချိန်တွင် သိန်း ၂၀ ဝန်းကျင်သာ ပေါက်ဈေးရှိကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်ရောင်းဝယ်သူအချို့က ဆိုသည်။ဘုတ်ပြင်းဒေသထွက် ငှက်သိုက်အများစုကို မြိတ်မြို့ရှိ ကုန်သည်များက အဓိကဝယ်ယူကြပြီး လက်ရှိတွင် ငှက်သိုက် အကြမ်းထက် သန့်စင်ပြီး ငှက်သိုက်ကိုသာ ဝယ်ယူကြသဖြင့် ငှက်သိုက်အကြမ်း ဈေးကျလာခြင်းဖြစ်ကြောင်း ဘုတ်ပြင်းမြို့နယ်ရှိ ငှက်သိုက်မွေးမြူနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။



