ကျိုင်းတုံမြို့၊ နောင်လိတ်အရပ်တွင် မတ်လ ၆ ရက်က ကျောင်းမှပြန်လာသော သားအမိ ဆိုင်ကယ်လုယက်ခံရပြီး မိခင်နဖူးကွဲကာ ကလေးငယ် လက်ချောင်းကျိုးခဲ့သည်။ ဆိုင်ကယ်လုယက်သူများက ရန်ပြုထွက်ပြေးခဲ့ပြီး၊ ယခင်ကလည်း အဆိုပါနေရာတွင် ဆိုင်ကယ်လုယက်မှုများ ဖြစ်ပွားခဲ့ကာ၊ ယနေ့ နံနက်ပိုင်းတွင်လည်း လုယက်ရန် ကြိုးစားမှုများရှိကြောင်း ဒေသခံများက ပြောသည်။



