ဖေဖော်ဝါရီလအတွင်း ရန်ကုန်စတော့အိတ်ချိန်း Main Board တွင် ရှယ်ယာစောင်ရေ ၁ သိန်းခွဲကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ တန်ဖိုးအားဖြင့် ကျပ် ၄၇၃ သန်းကျော်ရှိကာ ဇန်နဝါရီလနှင့်နှိုင်းယှဉ်ပါက ကျပ် သန်း ၄၀ ကျော် လျော့ကျခဲ့သည်။ Block Trading စနစ်ဖြင့် ရှယ်ယာစောင်ရေ ၅ သောင်း ၆ ထောင်ကျော်နှင့် သာမန်အရောင်းအဝယ်စနစ်ဖြင့် ရှယ်ယာစောင်ရေ ၁ သိန်းကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ Main Board တွင် အများပိုင်ကုမ္ပဏီ ၈ ခုနှင့် Pre-Listing Board တွင် လယ်ယာအခြေခံကုမ္ပဏီ ၁ ခုဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။



