ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသသို့ ကုန်ပစ္စည်းပို့ဆောင်သည့် လမ်းကြောင်းတွင် တရားမဝင်ဂိတ်ကြေး၊ လမ်းကြေးများ ပိုမိုများပြားလာပြီး ကုန်တင်ခများဈေးတက်လာကြောင်း ကုန်တင်ကားဂိတ်နှင့် ယာဥ်မောင်းများထံမှ သိရပါတယ်။မန္တလေးမှ မိုင်းလားသို့ ကုန်စည်ပို့သည့်လမ်းတွင် တောင်ကြီးမှ မိုင်းလားအထိရှိပြီး ယင်းထဲမှ မိုင်းပျဥ်းစုပေါင်းဂိတ်ကြေးမှာ ပိုမိုများပြားလာနေပါတယ်။မိုင်းလားသို့ လာသည့် ကုန်တင်ကားများမှာ အပြန်ကုန်မရသဖြင့် ရက်ကြာစောင့်ဆိုင်းရသည်များရှိကြောင်းလည်း ယာဉ်မောင်းများထံမှ သိရသည်။ လတ်တလောတွင် မိုင်းလားသို့ ကျောက်ဆည်မှ ငှက်ပျောတင်ပို့ပြီး မန္တလေးမှ ရာဘာ၊ မြစ်သားဘက်ကြက်သွန်နီနှင့် ဒေသအစုံမှ ဖရဲသခွားများ တင်ပို့နေကြောင်း သိရသည်။
Mar 07 • 5:30 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 36 | 0 | 0 | 0 |


