ရန်ကုန်ယူနိုက်တက်ရဲ့မြန်မာ့လက်ရွေးစင်ဟောင်းရန်နိုင်ဦးဟာ အသင်းဖျက်သိမ်းခဲ့ပြီဖြစ်တဲ့ ဇေယျာရွှေမြေအသင်းရဲ့ ငယ်မွေးခြံပေါက်ကစားသမား တစ်ဦးဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ထိပ်သီးကလပ် ရှမ်းယူနိုက်တက်အသင်းက တဆင့် ရန်ကုန်ယူနိုက်တက်ကို ပြောင်းရွှေ့လာသူဖြစ်ပါတယ်။ ငါးနှစ်တာ ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း မြန်မာ့လက်ရွေးစင်ဟောင်း ရန်နိုင်ဦးက လူမှုကွန်ရက်စာမျက်နှာက တဆင့် ပရိသတ်တွေကို အသိပေး ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း(၆၅)ပွဲကျော်ကစားပေးခဲ့ပြီး (၁၄) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Mar 07 • 5:20 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 34 | 0 | 0 | 0 |


