ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့က နွေစပါးတစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေးအတွက် နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ကျင်းပခဲ့ရာ တစ်ဧကအထွက်နှုန်း ၁၁၇ ဒသမ ၁၈ တင်း ထွက်ရှိကြောင်းနှင့် ယခုနှစ်တွင် ကရင်ပြည်နယ်အတွင်း နွေစပါး ၁၁၃၈၈၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေးအတွက် စံကွက်ပေါင်း ၁၆၈၃ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။



