back

မြန်မာပြည်တွင်းတွင်ဓာတ်အားပေးနည်းပညာနဲ့ဓာတ်အားစနစ်အခြေအနေအရ ရန်ကုန်တိုင်းရှိ ခရိုင်နှစ်ခုကို ၄ နာရီလာ ၈ နာရီပိတ်စနစ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေရသေးလို့ဆို

Mar 07 • 4:15 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာပြည်တွင်းတွင်ဓာတ်အားပေးနည်းပညာနဲ့ဓာတ်အားစနစ်အခြေအနေအရ ရန်ကုန်တိုင်းရှိ ခရိုင်နှစ်ခုကို ၄ နာရီလာ ၈ နာရီပိတ်စနစ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေရသေးလို့ဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်းခရိုင် ၂ ခုကို ဓာတ်အားပေးနည်းပညာနဲ့ဓာတ်အားစနစ်အခြေအနေအရ ၄ နာရီလာ ၈ နာရီပိတ် စနစ်နဲ့ ဓာတ်အားဖြန့်ဖြ...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်းခရိုင် ၂ ခုကို ဓာတ်အားပေးနည်းပညာနဲ့ဓာတ်အားစနစ်အခြေအနေအရ ၄ နာရီလာ ၈ နာရီပိတ် စနစ်နဲ့ ဓာတ်အားဖြန့်ဖြူးပေးနေရသေးတယ်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှထုတ်ပြန်ထားပါတယ်။အရှေ့ပိုင်းခရိုင်နဲ့ အနောက်ပိုင်းခရိုင်အုပ်စုတွေကတော့ ၄ နာရီဆီ လာ အလှည့်ကျစနစ်နဲ့ရရှိနေပြီး ၊ တောင်ပိုင်းခရိုင်နဲ့မြောက်ပိုင်းခရိုင် ၂ ခုကတော့ ၄ နာရီလာ ၈ နာရီပိတ်စနစ်နဲ့ရရှိနေသေးတာဖြစ်ပါတယ်။အခုလို့နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ထရန်စဖော်မာတွေ တိုးချဲ့တပ်ဆင်တာ ၊ ဓာတ်အားလိုင်းကြိုးတွေကို အဆင့်မြှင့်တင် ၊လဲလှယ်တာ နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံတွေကို တိုးချဲ့တည်ဆောက်တာတွေကို နှစ်စဉ်ဘဏ္ဍာငွေ လျာထားပြီးဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။


news-view-count-icon

30