မြန်မာနိုင်ငံရဲ့ပြည်တွင်းသံထည်ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် ခေတ်မီသံထည်/သံပုံသွင်း နည်းပညာများအသုံးပြုပြီး အဆင့်မြှင့်တင်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်တိုးတက်ရရှိရေးတို့အတွက် ညှိနှိုင်းဆွေးနွေးသည့်အစည်းအဝေးကို မတ် ၆ရက်နေ့နံနက်ပိုင်းတွင်နေပြည်တော် ရှိစက်မှုဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။



