စစ်ကိုင်းတိုင်းဒေသကြီးမှ ကြက်မွေးမြူရေးလုပ် ငန်းတွေမှာ ကြက်စာနဲ့ သွင်းအားစုဝယ်ယူဖို့ အခက် အခဲဖြစ်နေတယ်လို့ ဒေသခံကြက်မွေးမြူရေးလုပ် ငန်းရှင်တွေဆီက သိရပါသည်။ကြက်ဥမွေးမြူရေး လုပ်ငန်းရှင်များအနေနဲ့ အရည် အသွေးမြင့် စံချိန်မှီကြက်ဥများကိုရရှိဖို့ အရေးကြီးသလို အခြားတစ်ဖက်မှာလည်း မျိုးရိုးကောင်းတဲ့ ဥစားကြက်မများကိုရရှိနေရုံနဲ့ မပြီးသေးဘဲ ၎င်းတို့ရဲ့အာဟာရလိုအပ်ချက်များကို အကောင်းဆုံးဖြည့် ဆည်းပေးနိုင်စေဖို့အတွက် တိရစ္ဆာန်အစာများကို ပုံမှန် ပံ့ပိုးပေးဖို့လိုအပ်ကြောင်း သိရပါသည်။ကြက်စာအပါအဝင် သွင်းအားစု ဈေးတွေ မြင့်တက်လာပြီး ဝယ်ယူဖို့ခက်တဲ့အပြင် ကြက်သားဈေးနဲ့ ဥဈေးနှုန်းတွေ ကျဆင်းလာတာကြောင့် မွေးမြူသူတွေမှာ အရှုံးပေါ်နေကြပါသည်။



