မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်းရပ်ကွက်အတွင်း၌ အမျိုးသားတစ်ဦး မောင်းလာသည့် ဆိုင်ကယ်ကို ဓါးကိုင်ဆောင်ထားသည့် လူ(၄)ဦးက တိုက်ခိုက်ပြီး လုယက်သွားမှုကြောင့် ဆိုင်ကယ် ပါသွားပြီး ထိခိုက်ဒဏ်ရာ အပြင်းထန် ရရှိခဲ့ကြောင်း သိရသည်။ ဆိုင်ကယ်(၂)စီးဖြင့် အနောက်ကနေ လိုက်လာသည့် လူ(၄)ဦးက ဆိုင်ကယ်ကိုလဲသွားစေရန်အတွက် အနောက်နေ လှမ်းကန်ပြီး တိုက်ခိုက်ကာ လုယက်ခြင်းဖြစ်၍ ဆိုင်ကယ်လုခံရသူမှာ ဆိုင်ကယ် လဲသွားသည့်ဒဏ်နှင့်အတူ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။လုယက်ခံရသူ၏ မျက်နှာတစ်ခုလုံးတွင် ဆိုးရွားစွာ ထိခိုက်ဒဏ်ရာရရှိသွားသည့်အပြင် အရှိန်ပြင်းစွာ ဆိုင်ကယ်လဲချခံရမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးလည်း ထိခိုက်ခဲ့ရကြောင်း သိရသည်။



