ONE Friday Fights -100 ပွဲစဉ်တွင် ရိုးရာဖိုက်တာ စူပါရေချမ်းနှင့် မွေထိုင်းအကျော်အမော် ရော့ထန်၏ ယောက်ဖဖြစ်သူ ထိုင်းကစ်ဘောက်ဆင်ချန်ပီယံ ဆန်းဂါးသစ်တို့ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ ပွဲစဉ်အား မတ်လ (၁၄)ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့နှစ်ဦးအနေဖြင့် Catchweight တန်းတွင်ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်သည်။ရိုးရာဖိုက်တာ စူပါရေချမ်းမှာ ONE ပွဲစဉ်အတွင်း (၂)ထိုး (၁)ပွဲရှုံး (၁)ပွဲနိုင် ရလဒ်ထွက်ပေါ်ထားသူတစ်ဦးလည်းဖြစ်သည်။



