ပြီးခဲ့တဲ့ မတ်လ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးမှာတိုက်ပွဲကြားပိတ်မိတဲ့ ခရီးသည်တင်ယာဥ်ပေါ်က အသက် ၂၇ အရွယ် ခရီးသည်အမျိုးသမီးနဲ့ သူရဲ့အသက် ၃ နှစ်အရွယ်သမီးငယ်တဦး၊ အခြားခရီးသည် အမျိုးသမီးတဦး စုစုပေါင်း ၃ ဥဦးသေဆုံးသွားကြောင်းသိရပါသည်။



