အိမ်မဲမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို မတ် ၃ ရက်က ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သနပ်ခါးနှင့်ပတ်သက်၍ ပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက သနပ်ခါးလိမ်းခြယ်ခြင်းနှင့် မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြသည်။



