၆.၃.၂၀၂၅ ရက်ယနေ့၊ မြန်မာစံတော်ချိန်၁၄ နာရီ၃၅ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ အရှေ့ပိုင်းရပ်ကွက်၊ ကြက်လယ်ဆစ်ကုန်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ သတင်းရရှိသဖြင့် ငပုတောမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မြန်မာစံတော်ချိန်၁၄နာရီ ၅၀ မိနစ်အချိန် တွင်မီးငြိမ်းနိုင်ခဲ့ပါတယ်။



