မွန်ပြည်နယ်၊မော်လမြိုင်မြို့အနီးက နိုင်ငံတကာအဆင့်မီ ဆိမ်ကမ်း၁ခုနဲ့ အပြည်ပြည်ဆိုင်ရာ လေ ဆိပ်စီမံကိန်း အသစ် (၁)ခုကို စီမံကိန်းရေးဆွဲပြီး (၃)နှစ်ကျော်အကြာမှာ အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။တည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ ပင်လယ်ဆိပ်ကမ်းကို မုဒုံမြို့နယ်ရှိ ပင်လယ်ထွက် ပေါက်နဲ့နီးတဲ့ ဘလောက်ညောင်ဝိုင်းနဲ့ ဝဲကလိကျေးရွာကြားမှာ လျာထားသလို အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုတော့ ကော့ပရံကျေးရွာအနီးမှာ လျာထားတာ ဖြစ်ပါတယ်။ဆိမ်ကမ်းနဲ့ လေဆိပ်စီမံကိန်းအတွက် ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဒီဇင် ဘာလ ၁၀ ရက် နေ့မှာ တစီမံကိန်း အကောင်အထည်ဖော်ရေး ကြီးကြပ်မှု ဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် လက်ရှိ ၃နှစ်ကျော်အကြာမှာ ကနဦးလုပ်ငန်းတွေ ဆောင်ရွက်လာကာလေဆိပ်စီမံကိန်း အသစ် ၁ခု အတွက် မြေဧကပေါင်း (၄၆၉၅.၅၈) ဧကကို အသုံးပြုသွားမှာဖြစ်ပါတယ်။
Mar 06 • 8:52 AM
မြန်မာ
မွန်
မျှဝေမည်
| 36 | 0 | 0 | 0 |


