လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားပိတ်ပွဲသို့ တက်ရောက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆုရရှိသော ခရိုင်၊ မြို့နယ်များနှင့် တောင်သူများကို ဆုများချီးမြှင့်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ရိပ်သာ၌ MCCT အစီအစဉ်အတွက် ငွေကျပ် ၉ ဒသမ ၈ ဘီလီယံနှင့် လူမှုရေးပင်စင်အစီအစဉ်အတွက် ငွေကျပ် ၂ ဒသမ ၃ ဘီလီယံကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့အပြင် ကန်ကြီးထောင့် မူလတန်းကြိုကျောင်းဆောက်လုပ်နေမှုကို သွားရောက်ကြည့်ရှုပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လှိုင်သာယာမူလတန်းကြိုကျောင်းအမှတ်(၁) တို့ကိုလည်း သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။



