back

မြန်မာ့စိုက်ပျိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေ

Mar 06 • 7:23 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာ့စိုက်ပျိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေ

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနှင့် တောင်အာဖရိကနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များပ...

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယ၊ ကနေဒါ၊ စင်ကာပူ၊ မလေးရှားနှင့် တောင်အာဖရိကနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များပါဝင်သော တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် မတ်လ ၃ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင် မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွက် နိုင်ငံတကာနည်းပညာများ ရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် လူငယ်များအား အားပေးမြှင့်တင်ရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ IT နည်းပညာနှင့် ဆေးဝါးကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင်လည်း မြန်မာနှင့် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကွန်ဖရင့်များ ဆက်လက်ကျင်းပသွားရန်နှင့် လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံ၌ ကွန်ဖရင့်တစ်ခု ကျင်းပရန် သဘောတူညီခဲ့ကြပါသည်။ ဤသို့သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။


news-view-count-icon

30