back

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ်တွင် အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်

Mar 05 • 2:20 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်နှင့် အလုံမြို့နယ်တွင် အစားအသောက်နှင့်ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေး ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဈေးများ၊ အစားအ‌သောက် ရောင်းချသည့် စျေးဆိုင်များအားကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ ကြ...


ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းရှိ ဈေးများ၊ အစားအ‌သောက် ရောင်းချသည့် စျေးဆိုင်များအားကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ အမျိုးသမီးရေးရာ၊ မိခင်ကလေးလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးမှုးများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့သို့စစ်ဆေးရာတွင် အစားအသောက်နှင့် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ ကာကွယ်တားဆီးရေးလုပ်ငန်းများဖြစ်သည့် အစားအသောက်ပြင်ဆင်ရောင်းချသည့် ဆိုင်များ၏ သန့်ရှင်းမှုနှင့် ကြွက်၊ ယင်၊ ပိုးဟပ်ကင်းစင်ရန်စီစဥ်ထားရှိမှု၊ သန့်ရှင်းသောရေ (Chlorinated water) အသုံးပြုခြင်းရှိ/မရှိ၊ အစားအသောက်ပြင်ဆင်ရောင်းချသူများ၏ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့် Mask၊ Cap၊ Glove နှင့် Apron အပါအဝင် လိုအပ်သည့် ကာကွယ်ရေးပစ္စည်းများ အသုံးပြုခြင်း ရှိ၊ မရှိ စသည်တို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါသည်။




news-view-count-icon

18